Monday, April 8, 2019

၁/၃။ အကမ္မနိယဝဂ်လာ ပွားများသောစိတ်နှင့် မပွားများသောစိတ်

၁/၃။ အကမ္မနိယဝဂ်လာ
ပွားများသောစိတ်နှင့် မပွားများသောစိတ်
*********
စိတ်ကိုပွားများ, ပြုလွယ်ငြား,
မပွား မလွယ်ပါ။(၂/၁)
စိတ်ကိုပွားများ, ကျိုးကြီးမား,
မပွား ကျိုးမဲ့သာ။(၄/၃)
ပွားစိတ်ထင်ရှား, ကျိုးကြီးမား,
မပွား ကျိုးမဲ့သာ။(၅/၆)
ပွားစိတ်ကြိမ်များ, ကျိုးကြီးမား,
မပွား ကျိုးမဲ့သာ။(၈/၇)
ပွားစိတ်များက, သုခရ,
နည်းက ဒုက္ခရ။(၁၀/၉)

(၁)  (မပွားများအပ်သော စိတ်သည် ပြုရန်မလွယ်ကူခြင်း)

[သမထ ဝိပဿနာဖြင့်]မပွားများအပ်သော [ဝိပါကဝဋ်နှင်စပ်၍ ဖြစ်သော]စိတ်သည် [ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဒါန သီလ ဘာဝနာကိစ္စ] ပြုရန်မလွယ်ကူခြင်း (အံ၊ ၁၊ ၄)

(၂) (ပွားများအပ်သော စိတ်သည် ပြုရန် လွယ်ကူခြင်း)

[သမထ ဝိပဿနာဖြင့်]ပွားများအပ်သော [လောကုတ္တရာကိုးပါးနှင့် စပ်၍ဖြစ်သော]စိတ်သည် [ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဒါန သီလ ဘာဝနာကိစ္စ] ပြုရန် လွယ်ကူခြင်း (အံ၊ ၁၊ ၄)

(၃) (မပွားများအပ်သော စိတ်သည် ကြီးမားသော အကျိုးစီးပွားမဲ့ အလို့ငှါ ဖြစ်ခြင်း)

[သမထ ဝိပဿနာဖြင့်]မပွားများအပ်သော [ဝိပါကဝဋ်နှင်စပ်၍ ဖြစ်သော]စိတ်သည် ကြီးမားသော [ပဋိသန္ဓေ အိုနာသေ စသော ဒုက္ခဟူသော]အကျိုးစီးပွားမဲ့ အလို့ငှါ ဖြစ်ခြင်း
(အံ၊ ၁၊ ၅)

(၄) (ပွားများအပ်သော စိတ်သည် ကြီးမားသော အကျိုးစီးပွား အလို့ငှါ ဖြစ်ခြင်း)

[သမထ ဝိပဿနာဖြင့်]ပွားများအပ်သော [လောကုတ္တရာကိုးပါးနှင့် စပ်၍ဖြစ်သော]စိတ်သည် ကြီးမားသော[မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာဟူသော] အကျိုးစီးပွား အလို့ငှါ ဖြစ်ခြင်း (အံ၊ ၁၊ ၅)

(၅) (မပွားများအပ်သော ထင်ရှားမဖြစ်သေးသော စိတ်သည် ကြီးမားသော အကျိုးစီးပွားမဲ့ အလို့ငှါ ဖြစ်ခြင်း)

[သမထ ဝိပဿနာဖြင့်]မပွားများအပ်သော ထင်ရှားမဖြစ်သေးသော [ဝိပါကဝဋ်နှင့် စပ်၍ ဖြစ်သော] စိတ်သည် ကြီးမားသော [လောကုတ္တရာ၏ အခြေခံပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့၌ ပြေဝင်ချဉ်ကပ်ခြင်းငှါ မစွမ်းနိုင်သော]အကျိုးစီးပွားမဲ့ အလို့ငှါ ဖြစ်ခြင်း (အံ၊ ၁၊ ၅)

(၆) (ပွားများအပ်သော ထင်ရှားဖြစ်ပေါ်ပြီးသော စိတ်သည် ကြီးမားသော အကျိုးစီးပွား အလို့ငှါ ဖြစ်ခြင်း)

[သမထ ဝိပဿနာဖြင့်] ပွားများအပ်သော ထင်ရှားဖြစ်ပေါ်ပြီးသော [လောကုတ္တရာကိုးပါးနှင့် စပ်၍ဖြစ်သော]စိတ်သည် ကြီးမားသော [လောကုတ္တရာ၏ အခြေခံပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့၌ ပြေဝင်ချဉ်ကပ်ခြင်းငှါ စွမ်းနိုင်သော] အကျိုးစီးပွား အလို့ငှါ ဖြစ်ခြင်း (အံ၊ ၁၊ ၅)

(၇) (မပွားများအပ်သော ကြိမ်ဖန်များစွာ မလေ့လာသော စိတ်သည် ကြီးမားသော အကျိုးစီးပွားမဲ့ အလို့ငှါ ဖြစ်ခြင်း)

[သမထ ဝိပဿနာဖြင့်]မပွားများအပ်သော ကြိမ်ဖန်များစွာ မလေ့လာသော [ဝိပါကဝဋ်နှင်စပ်၍ ဖြစ်သော]စိတ်သည် ကြီးမားသော [လောကုတ္တရာ၏ အခြေခံပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့၌ ပြေးဝင်ချဉ်ကပ်ခြင်းငှါ မစွမ်းနိုင်သော] အကျိုးစီးပွားမဲ့ အလို့ငှါ ဖြစ်ခြင်း (အံ၊ ၁၊ ၅)

(၈) (ပွားများအပ်သော ကြိမ်ဖန်များစွာ လေ့လာပြီးသော စိတ်သည် ကြီးမားသော အကျိုးစီးပွား အလို့ငှါ ဖြစ်ခြင်း)

[သမထ ဝိပဿနာဖြင့်]ပွားများအပ်သော ကြိမ်ဖန်များစွာ လေ့လာပြီးသော [လောကုတ္တရာကိုးပါးနှင့် စပ်၍ဖြစ်သော]စိတ်သည် ကြီးမားသော [လောကုတ္တရာ၏ အခြေခံပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့၌ ပြေးဝင်ချဉ်ကပ်ခြင်းငှါ မစွမ်းနိုင်သော] အကျိုးစီးပွား အလို့ငှါ ဖြစ်ခြင်း (အံ၊ ၁၊ ၅)

(၉) (မပွားများအပ်သော ကြိမ်ဖန်များစွာ မလေ့လာသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်ခြင်း)

[သမထ ဝိပဿနာဖြင့်]မပွားများအပ်သော ကြိမ်ဖန်များစွာ မလေ့လာသော [ဝိပါကဝဋ်နှင်စပ်၍ ဖြစ်သော]စိတ်သည် [ပဋိသန္ဓေ အို နာသေ ]ဆင်းရဲဒုက္ခကို ဆောင်ခြင်း (အံ၊ ၁၊ ၅)

(၁၀) (ပွားများအပ်သော ကြိမ်ဖန်များစွာ လေ့လာပြီးသော စိတ်သည် ချမ်းသာတစ်ခုမှ ချမ်းသာသုခတစ်ခုသို့ ဆောင်ခြင်း)

[သမထ ဝိပဿနာဖြင့်]ပွားများအပ်သော ကြိမ်ဖန်များစွာ လေ့လာပြီးသော [လောကုတ္တရာကိုးပါးနှင့် စပ်၍ဖြစ်သော]စိတ်သည် [လူချမ်းသာမှ နတ်ချမ်းသာသို့ စသော]  ချမ်းသာတစ်ခုမှ ချမ်းသာသုခတစ်ခုသို့ ဆောင်ခြင်း (အံ၊ ၁၊ ၅)
#######

နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဘာဝိတံ အကမ္မနိယံ ဟောတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အကမ္မနိယံ ဟောတီ’’တိ။ (အံ၊ ၁၊ ၄)

စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ကမ္မနိယံ ဟောတီ’’တိ။ (အံ၊ ၁၊ ၄)

စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အပါတုဘူတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ပါတုဘူတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အဗဟုလီကတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ဗဟုလီကတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အဗဟုလီကတံ ဒုက္ခာဓိဝဟံ ဟောတီ’’တိ။ (အံ၊ ၁၊ ၅)

စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ဗဟုလီကတံ သုခါဓိဝဟံ ဟောတီ’’တိ။ (အံ၊ ၁၊ ၅)
######
အင်္ဂုတ္တိုရ်အလင်းအိမ်

No comments:

Post a Comment